Home
နိုင်ငံတကာ
လာမည့် ၅ နှစ်အတွင်း စီးပွားရေး တိုးတက်အောင်လုပ်မည်ဟု ကင်မ်ဂျုံအန်းပြော 
DVB
·
February 24, 2026
Photo: KCNA via REUTERS

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လာမဲ့ ၅ နှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေးအရည်အသွေးကို ပိုမိုခိုင်မာအောင်နဲ့ တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောတဲ့အကြောင်း   နိုင်ငံပိုင် KRT ရုပ်သံက ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မြောက်ကိုရီးယားဟာ လာမဲ့ ၅ နှစ်အတွက် အဓိကမူဝါဒတွေ ချမှတ်မဲ့ “ကိုရီးယားအလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ညီလာခံ” ကို ကျင်းပနေတာပါ။ 

ညီလာခံကို ဖေဖော်ဝါရီ ၂၃ ရက် တနင်္လာနေ့မှာလည်း ဆက်လက်ကျင်းပနေခဲ့ပြီး အဖွဲ့ဝင်တွေဟာ စစ်ရေး၊ နိုင်ငံခြားရေး မူဝါဒ၊ စက်မှုနဲ့ စိုက်ပျိုးရေး အပါအဝင် ကဏ္ဍအသီးသီးအတွက် ၅ နှစ်စာ စီမံကိန်းတွေနဲ့ ရည်မှန်းချက်တွေကို စတင်ရေးဆွဲနေကြပြီလို့ KRT သတင်းမှာ ပြောသွားပါတယ်။ 

တနင်္လာနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ လာမဲ့ ၅ နှစ်ကာလကို “အရှိန်အဟုန်နဲ့ တိုးတက်မဲ့အဆင့်” လို့ ကင်မ်ဂျုံအန်းက တင်စားပြောပါတယ်။

စီမံကိန်းအသစ်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ဖို့အတွက် အတွေးအခေါ်၊ နည်းပညာနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေကို တော်လှန်ပြောင်းလဲကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း KRT မှာ ဖတ်ကြားခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013