Home
နိုင်ငံတကာ
ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုး
DVB
·
February 24, 2026
Photo: REUTERS/Jorge Silva/Pool/File Photo

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကို  ဒုညွှန်မှူး ရာထူးကနေ ညွှန်ကြားရေးမှူးအဖြစ် ပါတီညီလာခံမှာ ရာထူးတိုးပေးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

၅ နှစ်တကြိမ် ကျင်းပတဲ့ အာဏာရ အလုပ်သမားပါတီ ညီလာခံအတွက် ပါတီထိပ်တန်းခေါင်းဆောင် အယောက် ၅,၀၀၀ လောက်ဟာ မြို့တော် ပြုံယမ်းမှာ စုဝေးနေကြပါတယ်။

ဒီညီလာခံဟာ သံတမန်ရေးကနေ စစ်ရေးစီမံကိန်းတွေအထိ နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေကို လမ်းညွှန်ပေးတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

ကင်ယိုဂျောင်ဟာ အစ်ကိုဖြစ်သူရဲ့ အယုံကြည်ရဆုံး လက်ထောက်တယောက် ဖြစ်သလို ဩဇာအာဏာအရှိဆုံး အမျိုးသမီးတွေထဲက တယောက်လည်း ဖြစ်ပါတယ်။

သူဟာ ဆွစ်ဇာလန်နိုင်ငံမှာ အစ်ကိုဖြစ်သူနဲ့အတူ ပညာသင်ကြားခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီ ကွယ်လွန်ပြီးနောက် ကင်မ်ဂျုံအန်းက အာဏာဆက်ခံချိန်မှာတော့ သူလည်း ရာထူးမြန်မြန်ဆန်ဆန်တိုးလာခဲ့တာပါ။

ဒီညီလာခံမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ် နောက်တဆင့်ကို ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013