
ကမ္ဘာ့အကြီးဆုံး ဥယျာဉ်ဖြစ်တဲ့ ဟာဘင် ရေခဲနှင်းကမ္ဘာမှာ အပူချိန်မြင့်တက်လာလို့ ရေခဲနဲ့ နှင်းရှုခင်းတွေ အရည်ပျော်လာတဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်မှာ ပိတ်သိမ်းခဲ့ပါတယ်။
လူကြိုက်များတဲ့ ဆောင်းရာသီဆွဲဆောင်မှုရဲ့ ၂၇ ကြိမ်မြောက် ပွဲတော်ဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရဲ့ မြို့တော် ဟာဘင်မှာ ရှိပါတယ်။
ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့်ရော နှင်းနဲ့ ရေခဲ အရည်ပျော်မှုတွေကြားမှာ လာရောက်လည်ပတ်သူတွေအတွက် အရည်အသွေးမြင့် အတွေ့အကြုံတွေရတာ သေချာစေဖို့ပါ အခုနှစ်မှာ ပုံမှန်ထက်စောပြီး ပွဲတော် ပြီးဆုံးသွားခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
လက်မှတ်ကြိုတင်မှာယူထားတဲ့ လာလည်သူတွေဟာ အပြည့်အဝ ပြန်အမ်းငွေ ရရှိနိုင်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၈ ရက်အတွင်း လက်မှတ်ဝယ်ထားသူတွေကတော့ ပန်းခြံကို နောက်တခါ အခမဲ့ ဝင်ရောက်ခွင့်ရမှာပါ။
လေဟာပြင်ပန်းခြံက ရာသီအတွက် နှုတ်ဆက်နေချိန်မှာ ဟာဘင်ရေခဲနှင်းကမ္ဘာ ပရဝုဏ်ထဲက ကမ္ဘာ့အကြီးဆုံး အခန်းတွင်း ရေခဲနဲ့ နှင်းဥယျာဉ်ကို တနင်္ဂနွေနေ့ မွန်းတည့်ချိန်ထိ ဖွင့်ထားခဲ့ပါတယ်။
တည်ထောင်ပြီးသား ရေခဲနဲ့ နှင်းဥယျာဉ်တခုအနေနဲ့ ဟာဘင်ရေခဲနှင်းကမ္ဘာဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆောင်းရာသီ ဆွဲဆောင်မှုတွေထဲက တခုဖြစ်ပါတယ်။
Source: Reuters


