Home
နိုင်ငံတကာ
လက်ဘနွန်တွင် အစ္စရေး တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
February 23, 2026
Photo: Reuters

လက်ဘနွန် အရှေ့ပိုင်းကို ဖေဖော်ဝါရီ ၂၀ ရက်မှာ အစ္စရေးက တိုက်ခိုက်လို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀ ဒဏ်ရာရရှိပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၁ ရက်မှာ ဘက်ခါးချိုင့်ဝှမ်းက ရီယက်ခ်နဲ့ တမ်နိုင်းအယ်လ်တာတာ မြို့တို့မှာ အဆောက်အအုံပျက်တွေနဲ့ ကားပျက်တွေပဲ ကျန်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အစ္စရေးစစ်တပ်က ဘားလ်ဘက်ခ် ဒေသက ဟဇ်ဘိုလာတွေရဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ သောကြာနေ့က တိုက်ခိုက်မှုတွေဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း အရှေ့လက်ဘနွန်မှာ လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲမှာ ပါဝင်ခဲ့တာပါ။

အစ္စရေးနဲ့ ရှီးအိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို စမ်းသပ်မဲ့အန္တရာယ် ရှိနေပါတယ်။

အရှေ့လက်ဘနွန် ဘက်ခါးချိုင့်ဝှမ်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ဘားလ်ဘက်ခ်ဒေသက ဟစ်ဇ်ဘိုလာတွေရဲ့ ကွပ်ကဲရေးဌာနတွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

“အစ္စရေးကို ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်နေတုန်း ဟစ်ဇ်ဘိုလာ အဖွဲ့အစည်းရဲ့ အသင့်ဖြစ်မှုနဲ့ အင်အားတည်ဆောက်မှု လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်ဖို့ မကြာသေးမီက ဖော်ထုတ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်အစီအစဉ်ထဲက အကြမ်းဖက်သမား အများအပြားကို ဖယ်ရှားပစ်ခဲ့တယ်” လို့ စနေနေ့က သီးခြားကြေညာချက်တစောင်မှာ ပြောထားပါသေးတယ်။

တပ်မှူး ဟူစိန် မိုဟာမက် ယာဂီ အပါအဝင် တိုက်ခိုက်ရေးသမား ၈ ယောက် ဘက်ခါးဒေသမှာ သောကြာနေ့က တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက စနေနေ့မှာ ပြောခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေရဲ့ လက်နက်တိုက်ကို ထိန်းချုပ်ဖို့ အမေရိကန်နဲ့ အစ္စရေးအရာရှိတွေက လက်ဘနွန်အာဏာပိုင်တွေကို ဖိအားပေးခဲ့ပြီးပါပြီ။

လက်ဘနွန်ခေါင်းဆောင်တွေက အစ္စရေးရဲ့ ပိုကျယ်ပြန့်တဲ့ တိုက်ခိုက်မှုတွေက နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် ထိခိုက်နစ်နာနေရတဲ့ လက်ဘနွန်နိုင်ငံကို ပိုပြီး မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013