
ONE Championship မွေထိုင်းလက်ဝှေ့ပွဲအဖြစ် ဖေဖော်ဝါရီ ၂၀ ရက် မနေ့ညက ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ ကယန်း လက်ဝှေ့မယ် ဘရော်နီကာက အစ္စရေးလက်ဝှေ့မယ် ကိုဟန်ကို အမှတ်နဲ့ အနိုင်ရသွားပါတယ်။
ပထမအချီမှာ ဘရော်နီကာက ပြိုင်ဘက်ကို ဖိထိုးခဲ့ပြီး ကိုဟန်ကတော့ အဝင်အထွက်မှန်မှန်နဲ့ သတိထားပြီး ထိုးသတ်ခဲ့ပါတယ်။
ဒုတိယအချီမှာတော့ ကိုဟန်က ပူးထိုးခဲ့ပြီး ဘရော်နီကာက ကိုဟန်ရဲ့ ထိုးလုံးတွေကို သတိထား ရှောင်တိမ်းပြီး ထိုးသတ်နေခဲ့ပါတယ်။
လူချင်းပူးချိန်မှာ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။
ကိုဟန်ဟာ ပြီးခဲ့တဲ့ ONE Championship မွေထိုင်းပွဲ ၃ ပွဲဆက် အနိုင်ရခဲ့သူဖြစ်ပါတယ်။
Photo: ONE Championship


