
မေဂျာလိဂ်ဘောလုံးရာသီအစပွဲစဉ်မှာ ကမ္ဘာကျော်ကစားသမား လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းကို ကို လော့စ်အိန်ဂျလိစ် အက်ဖ်စီအသင်းဟာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပါတယ်။
လော့စ်အိန်ဂျလိစ်အသင်းအတွက် ဒေးဗစ်မာတီးနက်ဇ်က ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး၊ ဒန်နစ်ဘိုအန်ဂါက ဒုတိယပိုင်းမှာ တဂိုးသွင်းကာ တဂိုး ဖန်တီးပေးခဲ့ပါတယ်။ အစားထိုးဝင် ကစားသမား နေသန်အော်ဒက်ဇ်က နောက်ဆုံးဂိုးသွင်းယူပြီး နိုင်ပွဲကို သေချာစေခဲ့တာပါ။
ဒီပွဲကို လော့စ်အိန်ဂျလိစ် မန်မိုရီရယ် ကိုလီစီရမ်ကွင်းကြီးမှာ ကျင်းပခဲ့ပြီး ပရိသတ် ၇၅,၆၇၃ ယောက် လာရောက် အားပေးခဲ့ကြပါတယ်။
ဒီပွဲအနိုင်ကြောင့် မေဂျာလိဂ် ဘောလုံးရာသီအစမှာ လော့စ်အိန်ဂျလိဂ်အသင်းက ထိပ်တန်းစွမ်းဆောင်ရည်တွေနဲ့ စတင်နိုင်ခဲ့ပါတယ်။


