
မန်ချက်စတာယူနိုက်တက် ယူ-၁၈ အသင်းမှာ ကစားနေတဲ့ လူငယ်ကြယ်ပွင့် ဂျေဂျေဂါဘရီရယ်လ်ဟာ ခြေစွမ်းပြမှုတွေကြောင့် မက်ဆီလက်သစ်လို့ တင်စားခံနေရပါတယ်။
ဂျေဂျေဂါဘရီရယ်လ်ဟာ လန်ဒန်မြို့မှာ ကြီးပြင်းခဲ့ပြီး ချဲလ်ဆီး၊ အာဆင်နယ်၊ ဝက်စ်ဟမ်း စတဲ့ နာမည်ကြီး အကယ်ဒမီတွေမှာ ကစားခဲ့ဖူးပါတယ်။
မန်ယူ ယူ-၁၈ အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပြီး ပွဲဦးထွက်မှာပဲ လိဒ်ယူနိုက်တက်ကို ၂ ဂိုးသွင်းကာ ခြေစွမ်းပြသခဲ့သူပါ။
ဒီရာသီမှာ မန်ယူနိုက်တက်အသင်းကြီးမှာ စီနီယာကစားသမားတွေနဲ့အတူ လေ့ကျင့်ပါဝင်ခွင့် ရနေပြီး ဥရောပအသင်းကြီးတချို့ရဲ့ စောင့်ကြည့်တာ ခံနေရပါတယ်။
ဂျေဂျေဂါဘရီရယ်လ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ FA Youth Cup ပဉ္စမအဆင့်မှာ အောက်စဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲစဥ်မှာ လှပတဲ့ သွင်းဂိုးတဂိုး သွင်းနိုင်ခဲ့ပါတယ်။
သူဟာ မန်ယူနည်းပြ မိုက်ကယ်ကာရစ် ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တာပါ။
အောက်စဖို့ဒ်ကွင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းဟာ “မက်ဆီလက်သစ်” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း သတင်းစာတွေရဲ့ ချီးကျူးခံနေရတာလည်း ဖြစ်ပါတယ်။


