
ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ သူ့ရဲ့အသင်း အင်တာမိုင်ယာမီဟာ ပီရူးမှာရှိတဲ့ ဟိုတယ်ကို ဇန်နဝါရီ ၂၃ ရက်က ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေက တခဲနက် လာရောက် အားပေးခဲ့ကြပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ အလီရန်ဇာ လီမာကလပ်အသင်းနဲ့ ချစ်ကြည်ရေးပွဲကစားဖို့ ပီရူးနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။
ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ အင်တာမိုင်ယာမီအသင်း တည်းခိုတဲ့ လီမာမြို့ရှိ အင်တာ ကိုတီနန်တယ် ဟိုတယ်ရှေ့က လမ်းမပေါ်ကို အာဂျင်တီးနားသား မက်ဆီကို တွေ့ရဖို့ မျှော်လင့်ချက်နဲ့ စုရုံး ရောက်ရှိလာခဲ့ကြပါတယ်။
မေဂျာလိဂ် MLS ချန်ပီယံ အင်တာမိုင်ယာမီအသင်းဟာ သူတို့ရဲ့ ရာသီအကြိုခရီးစဉ်ကို စတင်လိုက်တာဖြစ်ပြီး ကိုလံဘီယာ၊ အီကွေဒေါနဲ့ ပွာတိုရီကိုနိုင်ငံတွေကိုလည်း ဆက်လက်သွားရောက်ကစားမှာ ဖြစ်ပါတယ်။


