
ပီရူးနိုင်ငံ၊ ဂျူနင်းဒေသမှာ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မိသားစုတစုကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် တစီး နစ်မြုပ်သွားခဲ့ရပါတယ်။
မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လမ်းတလျှောက် ရွှံ့တွေ၊ ကျောက်တုံး ကျောက်ခဲတွေနဲ့ သစ်ပင်တွေကို တိုက်ချသွားပြီး သေဆုံးသူတွေဟာ သူတို့ရဲ့ကားထဲမှာ ပိတ်မိနေခဲ့ပါတယ်။
ကားထဲ ပိတ်မိသွားသူတွေဟာ တားမားမြို့ကဖြစ်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးဟာ သူ့ညီမဖြစ်တယ်လို့ အမျိုးသားတယောက်က ပြောပြပါတယ်။
အသက် ၃၈ နှစ်အရွယ် သူ့ရဲ့ယောက်ဖ၊ အခု သောကြာနေ့မှာ အသက် ၄ နှစ်ပြည့်တော့မဲ့ တူမ မိသားစုတွေဖြစ်ပြီး၊ သူတို့ဟာ သယ်ယူပို့ဆောင်ရေး အလုပ်လုပ်ကြပြီးတော့ သူတို့ရဲ့ ထရပ်ကားလည်း အဲဒီနေရာမှာ မြှုပ်နှံခံလိုက်ရပါပြီလို့ ပြောပါတယ်။
ပီရယ်နီခရိုင်ရဲ့ ဒေသန္တရအစိုးရဟာ ပျောက်ဆုံးနေတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေအတွက် ရှာဖွေရေးနဲ့ ပြန်လည်ရယူရေး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း မီဒီယာက ပြောပါတယ်။
Source: Reuters


