
မနေ့ညက ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာဟာ ပွဲအရေအတွက် ၆၅၄ ပွဲနဲ့ ပရီးမီးယားလိဂ် ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်သစ် ရေးနိုင်ခဲ့တာပါ။
ပွဲအပြီး အင်တာဗျူးမှာတော့ ဂျိမ်းစ်မီလ်နာက သူ့အနေနဲ့ ဒီနှစ်ထဲမှာ ကစားချိန်မိနစ် နည်းပါးတာအပေါ် စိတ်ပျက်မိတာရှိပေမဲ့ ဒါက အသင်းလူငယ်တွေကို မြေတောင်မြှောက်ပေးဖို့နဲ့ နိုင်ပွဲတွေရယူနိုင်ဖို့ကြား မျှတအောင် လုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။
သူ့အနေ့နဲ့လည်း ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ အသင်းအတွက် အထောက်ကူပြုပေးနိုင်ဆဲဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ထင်မိကြောင်း ပြောပါတယ်။
ဂျိမ်းစ်ဟာ အသက် ၁၆ နှစ်အရွယ် ၂၀၀၂ မှာ လိဒ်အသင်းရဲ့ ကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ခဲ့ပြီး နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးအသင်းတို့မှာလည်း ကစားခဲ့ဖူးကာ လက်ရှိမှာ ဘရိုက်တန်အသင်းမှာ ကစားနေတာပါ။
ကစားသမားဘဝမှာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ ဥရောပချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေ (FA) ဖလား၊ EFL. လိဂ် ဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။


