၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗား၊ ဆာရေးမြို့ရှိ Grand Empire Banquet Hall မှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပပါတယ်။
ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်တွေနဲ့ ချင်းလူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ရော ချင်းရိုးရာအမွေအနှစ်တွေကို အနာဂတ်မျိုးဆက်တွေထံ လက်ဆင့်ကမ်းပေးနိုင်ဖို့ရည်ရွယ်ပြီး ဗန်ကူးဗား ချင်းကွန်မြူနတီက စီစဉ်ကျင်းပတာဖြစ်ပါတယ်။
ဒီပွဲမှာ ချင်းတိုင်းရင်းသားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဗန်ကူးဗားရောက် မြန်မာအသိုက်အဝန်းတွေသာမက ကနေဒါလွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြပြီး ချင်းရိုးရာ ဝါးညှပ်အက၊ ကလေးငယ်တွေရဲ့ ရိုးရာဝတ်စုံဖက်ရှင်ပွဲ၊ ရိုးရာ နပန်းပွဲနဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြသလို စားသောက်ဖွယ်ရာတွေနဲ့လည်း တည့်ခင်းဧည့်ခံခဲ့ပါတယ်။
Photo: Peter Aung-DVB














