
ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ တမ်ဘလာရစ်ချ်မြို့က အလယ်တန်း ကျောင်းအတွင်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
၆ ယောက်က ကျောင်းထဲမှာ သေဆုံးနေတာ တွေ့ရပြီး နောက်တယောက်က ဆေးရုံပို့ချိန် လမ်းမှာ သေဆုံးခဲ့တာပါ။ သေနတ်သမားလို့ ယူဆရသူကလည်း သူ့ကိုယ်သူ ပစ်ခတ်မှုဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရပါတယ်။
ကျောင်းပြင်ပမှာလည်း လူ ၂ ယောက် သေဆုံးနေတာကို တွေ့ရပြီး ဒီသေဆုံးမှုတွေက ဆက်စပ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။
ဒီပစ်ခတ်မှုမှာ အသုံးပြုတဲ့ သေနတ်နဲ့ ပတ်သက်ပြီး ဘယ်လိုသေနတ်မျိုးသုံးလဲ ဆိုတာတော့ ရဲတပ်ဖွဲ့က အတည်ပြုတာမျိုး မရှိသေးပါဘူး။
သေနတ်သမားက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိထားပြီလို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အစောပိုင်း ထုတ်ပြန်ချက်မှာ ဆံပင်အညိုရောင် အမျိုးသမီးလို့ ဖော်ပြထားပြီး အန္တရာယ်ကင်းတဲ့နေရာမှာ ပုန်းအောင်းဖို့ သတိပေးခဲ့ဖူးပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးဟာ ဂျာမနီခရီးစဉ်ကို ရပ်ဆိုင်းထားပါတယ်။
Source: Reuters


