
မနေ့ညက တဖက် ၁ ဂိုးစီသရေကျခဲ့တဲ့ ဘန်လေနဲ့ ချဲလ်ဆီးပွဲစဥ်အပြီး ဘန်လေကစားသမား ဟန်နီဘယ်မက်ဂျ်ဘရီနဲ့ ချဲလ်ဆီးကစားသမား ဖိုဖားနားတို့ဟာ အင်စတာဂရမ်မှာ လူမျိုးရေးခွဲခြား စော်ကားခြင်းခံခဲ့ရတာပါ။
တဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲမှာ ဖိုဖားနားက မက်ဂျ်ဘရီးအပေါ် ပြစ်ဒဏ်ဘော ၂ ကြိမ်ကျူးလွန်ခဲ့လို့ နှစ်ဝါ တနီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာပဲ ကစားသမား ၂ ယောက်စလုံး လူမျိုးရေးခွဲခြား ရရှိခဲ့ကြတာပါ။ ၂၀၂၆ ခုနှစ်ရောက်နေချိန်မှာ လူမျိုးရေးခွဲခြားမှုဆိုတာ မရှိသင့်တော့ကြောင်းနဲ့ ကိုယ်တိုင်နဲ့ ကိုယ့်ကလေးငယ်တွေအတွက် သင်ကြားမှုတွေ လုပ်ဆောင်သင့်ကြောင်း ဖိုဖားနားက ပြောပါတယ်
ဒီဖြစ်စဥ်နဲ့ ပက်သက်လို့ သက်ဆိုင်ရာ ၂ သင်းစလုံးက ကစားသမားးတွေဘက်က အပြည့်အဝ ကာကွယ်သွားမယ်လို့ ပြောပါတယ်။
အင်စတာဂရမ်ရဲ့ မိခင်ကုမ္ပဏီ Meta ကိုလည်း တိုင်ကြားထားပြီဖြစ်ကြောင်း၊ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ကျူးလွန်သူကို စုံစမ်းစစ်ဆေး ဥပဒေအရ အရေးယူ အပြစ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


