
မန်ယူကစားသမားဟောင်း ဝိန်းရွန်းနေဟာ လီဗာပူးလ်နည်းပြအာနေးစလော့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရမှုအပေါ် ဝေဖန်လိုက်ပါတယ်။
ရွန်းနေက အာနေးစလော့ဟာ လီဗာပူးနဲ့ အတူ ဥရောပချန်ပီယံလိဂ်၊ အက်ဖ်အေ(FA) ဖလား၊ ပရီးမီယားဖလားရယူနိုင်ခဲ့တဲ့ ယာဂန်ကလော့ရဲ့နေရာကို ဆက်ခံဖို့ မသင့်တော်ကြောင်း၊ အရှိန်အဝါမရှိကြောင်း၊ ဒီရာသီ လီဗာပူးလ် ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ပါ က အထုတ်ပယ်ခံရမှာဖြစ်ကြောင်း ပြောခဲ့တာပါ။
ရွန်းနေရဲ့ မှတ်ချက်နဲ့ ပက်သက်ပြီး အာနေးစလော့အား မေးမြန်းခဲ့ရာ “ငါတို့ ၂ ယောက်က တော်တော်လေးကွဲပြားကြတာပါ။ ငါတို့မှာ တူညီတဲ့ အချက်ဆိုလို့ ငါတို့ ၂ ယောက်စလုံး ပရီးမီးယားဖလားရဖူးတာပဲ ရှိတယ်။ ဒါက မဆိုးတာပဲ မဟုတ်ဘူးလား၊ နည်းပြတယောက်က ဖလားတွေရလေ အရှိန်အဝါကြီးလေပါပဲ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
အာနေးစလော့က ဒီရာသီဟာ သူအတွက် မနှစ်ကထက် ပိုမိုခက်ခဲကြောင်း၊ တပွဲနှစ်ပွဲ ရှုံးတာနဲ့ လူတွေက အဲ့အကြောင်းကိုပဲအာရုံစိုက်ပြီး ဝေဖန်တတ်ကြတယ်လို့ လည်းပြောပါတယ်။
Photo: Reuters


