ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းဟာ ရလဒ်တွေ မကောင်းလို့ နည်းပြ ရွန်းနီကို ထုတ်ပယ်လိုက်ပါတယ်။
ဘာမင်ဂမ်အသင်းက အသက် ၃၈ နှစ်အရွယ် နည်းပြ ရွန်းနီကို နည်းပြသက်တမ်း ၈၃ ရက်အကြာမှာ ထုတ်ပယ်လိုက်တာပါ။
ဘာမင်ဂမ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ချန်ပီယံရှစ်ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို ၃ ဂိုးပြတ်နဲ့ ရှုံးလိုက်တာကြောင့် တန်းဆင်းဇုန်အနီး အမှတ်ပေးဇယားရဲ့ အဆင့် ၂၀ နေရာအထိ လျော့ကျသွားခဲ့ပါတယ်။
ရွန်းနီကတော့ နည်းပြအလုပ်ကို လတ်တလောမှာ ရပ်နားထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ရွန်းနီ ကိုင်တွယ်တဲ့ နည်းပြသက်တမ်းအတွင်း ၁၅ ပွဲမှာ ဘာမင်ဂမ်အသင်းဟာ ၉ ပွဲ ရှုံး ပြီး ၂ ပွဲပဲ အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် ဘာမင်ဂမ်အသင်းဟာ နောက်ဆုံး ကစားတဲ့ ၅ ပွဲစလုံးမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
Source/Photo-Reuters