ဂျပန်လေကြောင်းလိုင်း (JAL)ရဲ့ ခရီးသည်တင် လေယာဉ်တစီးဟာ ဇန်နဝါရီ ၂ ရက်က တိုကျိုမြို့တော်က ဟာနဲဒါ လေဆိပ်မှာ ကမ်းရိုးတန်းစောင့်တပ်ရဲ့ လေယာဉ်တစီးနဲ့ တိုက်မိပြီး မီးလောင်ခဲ့ပါတယ်။
ခရီးသည်တင်လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၃၇၉ ယောက်စလုံး အန္တရာယ်မရှိ ဘေးကင်းကင်း လွတ်မြောက်ခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
ကမ်းရိုးတန်းစောင့်လေယာဉ်ပေါ်က ဝန်ထမ်း ၆ ယောက်ထဲက ၅ ဦးက သေဆုံးပြီး လေယာဉ်မှူးကတော့ ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ တိုကျိုရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး NHK ဂျပန်သတင်းမှာ ဖော်ပြပါတယ်။
တိုက်မိတဲ့လေယာဉ်ဟာ နိုင်ငံမြောက်ပိုင်းက ဟော့ကိုင်းဒိုးကျွန်းက ရှင်းချိတိုဆဲ လေဆိပ်ကနေ ထွက်လာတဲ့ လေယာဉ်လို့ ဂျပန်လေကြောင်းလိုင်း ပြောခွင့်ရသူက ပြောပါတယ်။
Source/Photo - Reuters