
နည်းပြစလော့ရဲ့အနာဂတ်ကို မေးခွန်းထုတ်ခဲ့တဲ့ သတင်းထောက်အပေါ် အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒေါသထွက်ခဲ့ပါတယ်။
လီဗာပူးဟာ အခုနှစ်ရာသီမှာ ရုန်းကန်နေရသည့်တိုင် နောက်ဆုံး ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး နည်းပြစလော့ရဲ့အနာဂတ်အပေါ် သုံးသပ်မှုတွေလည်း ရှိခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ကနေ ထုတ်ပယ်ခံထားရတဲ့ နည်းပြအလွန်ဆိုဟာ လီဗာပူးအသင်းကို တာဝန်ယူမယ်ဆိုတဲ့ ကောလာဟလကို သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းထောက်တယောက်က နည်းပြစလော့ထံ မေးမြန်းခဲ့တာပါ။
အဆိုပါမေးခွန်းဟာ လေးစားမှုကင်းမဲ့တဲ့မေးခွန်းဖြစ်ပြီး ဝေဖန်မှုတွေက ဘောလုံးရဲ့ အစိတ်အပိုင်းတခုဆိုတာ နားလည်လက်ခံထားပေမဲ့ လက်ရှိ အသင်းရဲ့စွမ်းဆောင်ထားမှုနဲ့ မနှစ်ကရာသီက စွမ်းဆောင်မှုတွေအပေါ် ထောက်ထားသင့်ကြောင်း ဗန်ဒိုက်က တုံ့ပြန်သွားတာပါ။
နည်းပြစလော့အပေါ် ကစားသမားအားလုံးကထောက်ခံပြီး သူဟာ ခက်ခဲတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်အောင် ကူညီခဲ့သူဖြစ်ကြောင်း ဗန်ဒိုက်က ပြောသွားပါတယ်။
Photo: Reuters


