
ယူရိုပါလိဂ် ၁၆ သင်းအဆင့် တက်ခွင့်ရဖို့ ရှုံးထွက်အနေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ် ၈ ပွဲမှာ အဝေးကွင်းအဖြစ် လာကစားရတဲ့ ဧည့်သည်အသင်းတွေက ၆ ပွဲ အနိုင်ရသွားပါတယ်။
ဂျာမဏီကလပ် စတုဂတ်အသင်းက အဝေးကွင်းမျာ စကော့တလန်ကလပ် ဆဲလ်တစ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသလို အင်္ဂလန်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကလည်း တူရကီက ဖီနာဘာချီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ နိုင်ခဲ့တာပါ။
ဒါအပြင် ဂရိကလပ် PAOK ကွင်းမှာ စပိန်ကလပ် ဆဲလ်တာဗီဂိုက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားသလို ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းကိုလည်း ဘယ်လ်ဂျီယံလိဂ်က Genk က ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။
ဘိုလေ့နာအသင်းကလည်း ဘရန်ကို ၁ ဂိုးဂိုးမရှိနဲ့ အဝေးကွင်းမှာ နိုင်ခဲ့ပြီး ဆဗန်နားဇဗက်ဇ်ဒါ က လောက်စ် အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။
တခြားပွဲစဉ်တွေမှာတော့ လူဒိုဂိုရက်စ်အသင်းက ဖီရန်ဗားရို့ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ပင်နယ်သီယာကို့စ်နဲ့ ဗစ်တိုရီယာ ဗိုင်ဇန်အသင်းတွေကတော့ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အဲဒီအသင်းတွေရဲ့ ရှုံးထွက်ပွဲ ဒုတိယအကျော့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ထပ်ကစားရမှာ ဖြစ်ပါတယ်။
Photo: Reuters


