
လာမယ့်နှစ်ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ပယ်ဖျက်ခံခဲ့ရတဲ့အပေါ် တရားမျှတမှုမရှိကြောင်း ခရစ္စတယ် ပဲလေ့အသင်းက ထုတ်ပြန်ပါတယ်။
ပဲလေ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက အက်အေအေဖလားဗိုလ်လုပွဲမှာ မန်စီးတီးကိုအနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် ယူရိုပါလိဂ်ယှဉ်ပြိုင်ကစားခွင့် ရရှိထားတာပါ။
ဒါပေမဲ့ ပိုင်ရှင်တယောက်တည်းက စီမံခန့်ခွဲနေတဲ့ အသင်းတသင်းကို ယူအီးအက်ဖ်အေက ပြိုင်ပွဲတခုတည်းမှာ အတူပါဝင်ယှဉ်ပြိုင်တာမျိုး ခွင့်မပြုတာကြောင့် ယူရိုကွန်းဖရင့်လိဂ်ကို ဆင်းကစားသွားရမှာပါ။
ပဲလေ့အသင်းဟာ အားကစားဆိုင်ရာခုံရုံးဖြစ်တဲ့ Cas မှာ အယူခံထပ်တင်ခဲ့ပေမဲ့ ထပ်မံ ပယ်ချခံခဲ့ရတာပါ။
ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အတိုင်း Cas ကထပ်မံ ဆုံးဖြတ်ခဲတာက မျှတမှုမရှိဘဲ အဓိပ္ပါယ် မရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ အသင်းပရိသတ်တွေရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်ခဲ့တာဖြစ်ကြောင်း ပဲလေ့အသင်းက ဝေဖန်ပါတယ်။
ဆုံးဖြတ်ချက်အပေါ် ဥပေဒေအကြံအဉာဏ်ရယူပြီး ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်းလည်း ခရစ္စတယ်ပဲလေ့အသင်းက ထုတ်ပြန်ပါတယ်။
Photo:Reuters


