Home
အားကစား
စပါးအသင်းကို ပိုကောင်းအောင် တည်ဆောက်ရန်လိုဟု နည်းပြပိုစ်တီကိုဂလူပြော
DVB
·
May 22, 2025
Photo: Reuters

စပါးအသင်းကို ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားဖို့ လိုအပ်နေသေးကြောင်း နည်းပြ ပိုစ်တီကိုဂလူက ပြောသွားပါတယ်။

သြစတြေးလျလူမျိုး နည်းပြဟာ စပါးအသင်းအတွက် ၁၇ နှစ်အကြာမှာ ပထမဆုံးဆုဖလား အဖြစ် ယူရိုပါလိဂ်ချန်ပီယံ ဆုဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ဆုဖလားရခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိခဲ့တာက အသင်းအတွက် အကောင်းဆုံး အခွင့်အလမ်း ဖြစ်သွားခဲ့တာပါ။

စပါးအသင်းမှာ ဆက်ရှိချင်ပြီး ခုချိန်ထိ အသင်းအတွက် လုပ်ဆောင်ပေးရမယ့် အလုပ်တွေ မလုပ်ဆောင်နိုင်သေးကြောင်း၊ စပါးအသင်းက ငယ်ရွယ်သေးတဲ့အသင်းတသင်းလို ဖြစ်နေတ်ကြောင့် အတွေ့အကြုံကောင်းတွေ ထပ်မံပေါင်းစပ်သွားဖို့ လိုအပ်ကြောင်း နည်းပြ ပိုစ်တီကိုဂလူက ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ မှာ ရပ်တည်နေတာကြောင့်  ယူရိုပါလိဂ်ဖလားသာ မရခဲ့ရင် နည်းပြ ပိုစ်တီကိုဂလူရဲ့ အနာဂတ်က မရေမရာဖြစ်ခဲ့ပေမဲ့ ဆုဖလားရယူနိုင်ခဲ့တာကြောင့် အသင်းမှာဆက်ရှိဖို့ များသွားခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013