
အင်္ဂလန်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နယ်သာလန်ကလပ် ယူထရက်ချ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါဟာ ဖောရက်စ်အသင်းအတွက် ၁၉၉၅ ခုနှစ်နောက်ပိုင်း နှစ် ၃၀ အကြာမှာ ဥရောပပြိုင်ပွဲတွေမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲ ပြန်ရတာ ဖြစ်တယ်လို့ sky sport က ဖော်ပြပါတယ်။
ဖောရက်စ် အသင်းအတွက် ဂိုးတွေကို အာနော့ ကယ်လီမန်ဒိုနဲ့ အိုက်ဂေါ ဂျီးဆပ်စ်တို့က ပွဲကစားချိန် ၅၂ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပြီး ယူထရက်ချ်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဗန်ဒါဟွန်းမ်က ၇၃ မိနစ်မှာ ပြန်သွင်းယူခဲ့တာပါ။
ဒီနိုင်ပွဲအပြီးမှာ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ် ဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပါတယ်။


