
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြအန်ဂျီ ပိုစ်တီကိုဂလူ နေရာအတွက် ဖူဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပိုစ်တီကိုဂလူဟာ နည်းပြ နူနိုဆန်တိုရဲ့နေရာမှာ အစားထိုး ဝင်ရောက်တာဝန်ယူခဲ့တာ တလမပြည့်ခင်မှာပဲ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် နော်တင်ဟမ်က ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်လာခဲ့တာပါ။
ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားဟာ အသင်းနဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နော်တင်ဟမ်ဘက်က လျော်ကြေးပေးပြီး ရာသီမကုန်ခင်မှာ ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။
နည်းပြ ပိုစ်တီကိုဂလူဘက်ကတော့ နယူးကာဆယ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းပိုင်ရှင် မာရီနာကစ်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။


