
နော်တင်ဟမ်ဖောရက်စ်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုအပေါ် နည်းပြပိုစ်တီကိုဂလူက ပြန် လည်တုံ့ပြန်သွားပါတယ်။
အောက်တိုဘာ ၃ ရက်မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံကလပ် မစ်ဂျယ်လန်းနဲ့ ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ပရိသတ်တွေက နည်းပြပိုစ်တီကိုဂလူဟာ ထုတ်ပယ်ခံရတော့မယ်လို့ အော်ဟစ် လှောင်ပြောင်ခဲ့ကြတာပါ။
စပါးနည်းပြဟောင်းဟာ နည်းပြ နူနိုဆန်းတိုစ်ရဲ့ နေရာမှာ အစားဝင်ခဲ့သူဖြစ်ပြီး ရာစုနှစ် တခုအတွင်း အသင်းနဲ့ ပထမဆုံး ၆ ပွဲမှာ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ ပထမဆုံး နိုင်ငံခြားသား နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ရလဒ်အပေါ် ပရိသတ်တွေက စိတ်ပျက်ခဲ့ကြတာဖြစ်လို့ သူတို့ရဲ့အမြင်တွေကို ပြောဆို ပိုင်ခွင့်ရှိကြောင်း၊ နည်းပြရာထူးအပေါ် စိုးရိမ်စိတ်မရှိကြောင်းနဲ့ မိမိတို့အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာရှိနေပြီး အခက်အခဲဆုံးကာလကို ကျော်ဖြတ်ပြီးချိန်မှာ ကောင်းမွန်တဲ့ရလဒ်တွေ ပြန်လည်ရရှိလာမှာဖြစ်ကြောင်း နည်းပြပိုစ်တီကိုဂလူက ပြောသွားပါတယ်။
Photo: Reuters


