ရလဒ်ဆိုးတွေကြောင့် စပါးအသင်းရဲ့ နည်းပြပိုစ်တီကိုဂလူရဲ့ အနာဂတ် မရေမရာဖြစ်လာပါတယ်။ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စပါးအသင်းဟာ နောက်ဆုံး ၇ ပွဲမှာ မန်စီးတီးနဲ့ ပွဲစဉ်တပွဲသာ အနိုင်ရရှိခဲ့တာပါ။
ပွဲစဉ် ၁၅ အပြီးမှာ ၆ ပွဲနိုင် ၂ ပွဲသရေ၊ ၇ ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် အမှတ်ပေးဇယားအဆင့် ၁၁ နေရာအထိ ရောက်ရှိနေတာပါ။
စပါးအသင်းရဲ့အခြေအနေအပေါ် ပရိသတ်တွေဘက်ကလည်း စိတ်ရှည်မှု ကုန်ဆုံးလာခဲ့ပြီး ရလဒ်ကောင်းပြန်လည်ရယူပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။
အသင်းပိုင်ရှင်လီဗိုင်းဘက်က နည်းပြ ပိုစ်တီကိုဂလူရဲ့အပေါ် ဖိအားပေးမထားပေမဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် လာမယ့်ပွဲစဉ်တွေအပေါ် စောင့်ကြည့်ပြီး နည်းပြပိုစ်တီ ကိုဂလူရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။