တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို တနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ရှိပါတယ်။
အသက် ၃၂ နှစ်ရှိ တောင်ကိုရီးယား တိုက်စစ်မှူးဟာ အခုနှစ်ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အောင်မြင်မှုတခုခု ရယူချင်ကြောင်း ထုတ်ဖော် ပြောဆိုထားတာပါ။
ဆွန်ဟာ စပါးအသင်းမှာ ကစားနေတာ ၁၀ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး နည်းပြ ပိုစ်တီကိုဂလူ ရောက်ရှိလာပြီးနောက် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူပါ။
သူဟာ စပါးအသင်းအတွက် စုစုပေါင်း ၁၆၅ ဂိုးအထိ သွင်းယူထားပြီး စပါးအသင်း သမိုင်းတလျှောက် စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်နေသူ ဖြစ်ပါတယ်။
Photo : Reuters