စပါးအသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီကို ခေါ်ယူနိုင်ဖို့ နီးစပ်တဲ့အခြေအနေ ရောက်ရှိ လာပါတယ်။
စပါးအသင်းဟာ လာမယ့်ရာသီမှာ အထောင်တိုက်စစ်မှူးတဦးခေါ်ယူဖို့ ရှာဖွေနေတာ ဖြစ်ပြီး ဆိုလန်ကီကို နံပါတ်တစ်ပစ်မှတ်အဖြစ် ကြိုးပမ်းခဲ့တာပါ။
အသက် ၂၇ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာ မနှစ်ကရာသီမှာ ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၆၅ သန်း သတ်မှတ်ထားတယ်လို့သိရပြီး ရာသီသစ်မစခင်မှာ ဆိုလန်ကီကို အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ The Times သတင်းမှာ ဖော်ပြပါတယ်။
စပါးအသင်းမှာ တိုက်စစ်မှူး ရစ်ချာလီဆင်ဟာလည်း ဆော်ဒီလိဂ်ကို ပြောင်းရွှေ့နိုင်တာကြောင့် တိုက်စစ်မှူးတဦး မဖြစ်မနေ ခေါ်ယူသွားဖို့ လုပ်ဆောင်နေပါတယ်။