Home
အားကစား
ဖူဟမ်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့မှု လက်ခံနိုင်စရာမရှိဟု ဆွန်ဟောင်မင် ပြော
DVB
·
March 17, 2024
Premier League - Fulham v Tottenham Hotspur

မတ် ၁၆ ရက် မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူဟမ်အသင်းကို ၃ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့တာက လက်ခံနိုင်စရာမရှိဘူးလို့ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပြောသွားပါတယ်။

စပါးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်မှာ အမှတ်ဗလာနဲ့  အိမ်ပြန်ခဲ့ရတာ ဖြစ်ပြီး လန်ဒန်ပြိုင်ဘက် ဖူဟမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာပါ။

ကစားသမားတိုင်းဟာ မိမိကိုယ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်ပြီး ငါ့အမှားကြောင့် ရှုံးနိမ့်ခဲ့ရတာလို့ ပြောဆိုသင့်ပြီး လုံလောက်တဲ့ စွမ်းဆောင်ရည်မပြသနိုင်ခဲ့တာကြောင့် ရှုံးပွဲ တွေ့ခဲ့ရတာဖြစ်ကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။

အလွန်စိတ်ပျက်စရာကောင်းတဲ့ ရလဒ် ဖြစ်ပြီး အသင်းသားအားလုံးအတွက်  ကြီးမားတဲ့ သတိပေး ခေါင်းလောင်သံ ဖြစ်ကြောင်း ဆွန်ဟောင်မင်က ပြောသွားပါတယ်။

စပါးအသင်းဟာ ဒီပွဲအရှုံး ရလဒ်ကြောင့် အဆင့် ၄ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးလွဲ ချော်သွားခဲ့ပြီး ဗီလာနဲ့ ၂ မှတ်ကွာဟသွားခဲ့ရပါတယ်။ 

Source/Photo-REUTERS/Dylan Martinez

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013