Home
နိုင်ငံတကာ
တရုတ်စက်ရုပ်ကို ကိုယ့်စက်ရုပ်ဟု ပြသသည့် အိန္ဒိယတက္ကသိုလ် AI ပွဲမှ နှင်ထုတ်ခံရ
DVB
·
February 19, 2026
Photo: ANI

တရုတ်နိုင်ငံထုတ် စက်ရုပ်ခွေးကို သူတို့ကိုယ်တိုင် ဖန်တီးထားတယ်ဆိုပြီး ပြသခဲ့တဲ့ အိန္ဒိယနိုင်ငံက Galgotias တက္ကသိုလ်ရဲ့ ပြခန်းကို AI ထိပ်သီးဆွေးနွေးပွဲကနေ ဖယ်ရှားဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

ဒီသီတင်းပတ်ထဲမှာ တက္ကသိုလ်က ပါမောက္ခ နေဟာဆင်းဂ်က သူတို့စင်တာကနေ Orion လို့ခေါ်တဲ့ စက်ရုပ်ကို တီထွင်ခဲ့တာလို့ နိုင်ငံပိုင်ရုပ်သံမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီစက်ရုပ်ဟာ တရုတ်ကုမ္ပဏီ Unitree ကနေ ဒေါ်လာ ၂,၈၀၀ ဝန်းကျင်နဲ့ ရောင်းချနေတဲ့ 'Unitree Go2' အမျိုးအစားဖြစ်တယ်ဆိုတာကို လူမှုကွန်ရက်သုံးစွဲသူတွေက ချက်ချင်းပဲ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ရည်မှန်းချက်တွေအပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆင်းဂ်နဲ့ တက္ကသိုလ်ဘက်က ဒီစက်ရုပ်ကို သူတို့ဖန်တီးတာ မဟုတ်သလို သူတို့တီထွင်တယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းအထိတော့ သူတို့ရဲ့ပြခန်းကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး ပွဲကနေ ထွက်ခွာဖို့ တရားဝင်အကြောင်းကြားစာ မရသေးဘူးလို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။

နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ ဒီ 'India AI Impact' ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမှာပါ။

ဖေဖော်ဝါရီ ၁၉ ရက် အခမ်းအနားမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ Google CEO ဆွန်ဒါပီချိုင်း၊ OpenAI CEO ဆမ်အော့ထ်မန်းနဲ့ Anthropic ကုမ္ပဏီက ဒါရီယိုအမိုဒီတို့ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013