
မွတ်စလင်အများစုနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကုန်စုံဆိုင်တွေနဲ့ ဈေးဝယ်သူတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဥပုသ်လဖြစ်တဲ့ ရမ်ဇာန်လမြတ်ကို စဖို့ ပြင်နေချိန်မှာ အစိုးရသစ်က စားသောက်ကုန်စျေးနှုန်း မြင့်တက်တဲ့ ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်ရေး ကူညီပေးဖို့ မျှော်လင့်ခဲ့ကြပါတယ်။
ကုန်စုံဆိုင်တွေက ဟင်းချက်ဆီ ပြတ်လပ်မှုကိုလည်း ထောက်ပြခဲ့ပြီး အိမ်ထောင်စု အသုံးစရိတ်အပေါ် ဖိအားတွေ ပိုဖြစ်လာတယ်လို့ ပြောပါတယ်။
မြို့တော်တဝန်းမှာ စားသုံးသူတွေက ဈေးနှုန်းမြင့်လာလို့ ပိုခက်ခဲကျပ်တည်းလာတယ်လို့ ပြောပါတယ်။
အာဏာပိုင်တွေက ဝင်မစွက်ရင် ကုန်ကျစရိတ်တွေ မြင့်တက်လာလို့ သာမန် မိသားစုတွေအတွက် ရမ်ဇာန်လမှာ စိန်ခေါ်မှု ပိုကြီးလာမှာကို လူအများက စိုးရိမ်ခဲ့ကြပါတယ်။
ဈေးကွက်စောင့်ကြည့်မှုကို တိုးမြှင့်ဖို့နဲ့ နောက်ထပ် မတည်ငြိမ်မှုတွေကို ကာကွယ်ဖို့ ဒေသခံတွေက အစိုးရသစ်ကို တိုက်တွန်းခဲ့ကြပါတယ်။
ဒါကာမြို့ရဲ့ လူကြိုက်များတဲ့ မြို့တော်ခန်းမဈေးမှာ ဈေးဝယ်သူတချို့က သြဇာကြီးတဲ့ ကုန်သွယ်ရေးအဖွဲ့တွေက ဈေးနှုန်းတွေကို မြှင့်ထားတယ်လို့ စွပ်စွဲခဲ့ကြပြီး ထောက်ပံ့မှု တိုးတက်လာတာတောင် လက်လီရောင်းသူတွေက ဈေးနှုန်းတွေကို ရှားရှားပါးပါးသာ လျှော့ချလေ့ရှိတယ်လို့ ထောက်ပြခဲ့ကြပါတယ်။
အစိုးရသစ်ဟာ ဒီလို အလေ့အကျင့်တွေကို ထိန်းချုပ်ဖို့ ဦးစားပေးလုပ်ဆောင်ပြီး ဥပုသ်လမပြီးမီ သက်သာရာရစေဖို့ လူအများက မျှော်လင့်နေကြပါတယ်။
Source: Reuters


