
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ Google ရဲ့ အမှုဆောင်အရာရှိချုပ် ဆွန်ဒါ ပီချိုင်းတို့ ဒေလီမှာကျင်းပတဲ့ ဉာဏ်ရည်တု AI ထိပ်သီးအစည်းအဝေးမှာ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘာ့တောင်ပိုင်းဒေသမှာ အကြီးဆုံး ဉာဏ်ရည်တု စုဝေးပွဲတွေထဲက တခုအဖြစ် စီစဉ်သူတွေက ဖော်ပြနေတဲ့ ပွဲမှာ ပီချိုင်းက အဓိကဟောပြောသူပါ။
ကမ္ဘာ့တောင်ပိုင်းဒေသဟာ အများစုက ကမ္ဘာ့တောင်ဘက်ခြမ်းမှာရှိပြီး ဖွံ့ဖြိုးဆဲ၊ ထွန်းသစ်စ ဒါမှမဟုတ် ဝင်ငွေနည်းတဲ့နိုင်ငံတွေကို ရည်ညွှန်းပါတယ်။
အိန္ဒိယအာဏာပိုင်တွေက ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုကို ပုံဖော်ရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရှုထောင့်တွေကို မြှင့်တင်ဖို့ အဓိကပလက်ဖောင်းတခုအဖြစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ခဲ့တဲ့ ဉာဏ်ရည်တု AI သက်ရောက်မှု ထိပ်သီးညီလာခံကို ဆက်လက်ကျင်းပနေပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံ အိန္ဒိယဟာ ဒီပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပတာလည်း ဖြစ်ပါတယ်။
Source:Reuters


