Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတဟောင်းယွန်းကို စွပ်စွဲထားသည့်အမှု စီရင်ချက်ချမည်
DVB
·
February 18, 2026
Photo :Reuters

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စွပ်စွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဖေဖော်ဝါရီ ၁၉ ရက်မှာ စီရင်ချက်ချမှတ်ဖို့ စီစဉ်ထား ပါတယ်။

အခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားအထူးအစိုးရရှေ့နေက ယွန်းဆွတ်ခ်ယိုးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေး ခဏတာထုတ်ပြန်ခဲ့မှုမှာ နိုင်ငံတော်ပုန်ကန်မှုကို စီစဉ်ညွှန်ကြားခဲ့ကြောင်း စွပ်စွဲချက်နဲ့ သေဒဏ် ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားမှာ သေဒဏ်ချမှတ်ခြင်းကို အကောင်အထည်မဖော်ခဲ့တာ နှစ်ပေါင်း ၃၀ နီးပါး ရှိပါပြီ။

ဇန်နဝါရီ ၁၃ ရက်က ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ နောက်ဆုံး လျှောက်လဲချက်မှာ စုံစမ်းစစ်ဆေးသူတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက သမ္မတဟောင်း ယွန်းနဲ့ သူ့ရဲ့ကာကွယ်ရေး ဝန်ကြီးဟောင်း ဂင်မ်ယုံးဟျန်းတို့ဟာ ယွန်းဆွတ်ခ်ယိုးကို အာဏာ ဆက်လက်မြဲနိုင်ဖို့ ညွှန်ကြားခဲ့တဲ့ အစီအစဉ်တခုရှိနေတယ်ဆိုတာကို အတည်ပြုခဲ့ကြောင်း အစိုးရရှေ့နေက ပြောပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိ သမ္မတဟောင်းကတော့ သူ့ရဲ့စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သူဟာ "နိုင်ငံကိုပျက်စီးစေမဲ့ ယုတ်မာမှုတွေ"ကို ဟန့်တားဖို့အတွက် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာလို့ တရားရုံးမှာပြောသွားချက်တွေကို ယွန်ဟက်ပ် သတင်းဌာနက ကိုးကား ဖော်ပြခဲ့ပါတယ်။

ဒါကလည်း သမ္မတတယောက်အနေနဲ့ သူ့မှာ စစ်အုပ်ချုပ်ရေးကြေညာနိုင်ခွင့် အာဏာရှိကြောင်းနဲ့ အစိုးရလုပ်ငန်းစဉ်တွေအပေါ်  အတိုက်အခံပါတီတွေရဲ့ နှောင့်ယှက်မှုတွေကို သတိပေးဖို့ ရည်ရွယ်ခဲ့တာလို့ ယွန်းဆုခ်ယိုးလ်က ချေပထားပါတယ်။

စစ်အုပ်ချုပ်ရေး ချမှတ်ဖို့ ကြိုးပမ်းမှုမှာ အချိန် ၆ နာရီလောက်သာ ကြာမြင့်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးမိတ်ဖက် အရေးကြီးနိုင်ငံတနိုင်ငံဖြစ်ပြီး အာရှတိုက်ရဲ့ စီးပွားရေး အဆင့် ၄ ရှိ ဒီမိုကရေစီနိုင်ငံတနိုင်ငံအဖြစ် ကာလကြာမြင့်စွာ သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ တုန်လှုပ် ခြောက်ခြားခဲ့ရပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013