
ဒိုမီနီကန်အာဏာပိုင်တွေဟာ အမေရိကန်ရဲ့ အကူအညီနဲ့ ပီရာဗီးယားပြည်နယ် ကမ်းရိုးတန်းမှာ သင်္ဘာတစင်းကို ကြားဖြတ်ဖမ်းဆီးပြီးတဲ့နောက် ကိုကင်းလို့ သံသယရှိတဲ့ပစ္စည်း မက်ထရစ်တန်ချိန် ၂ တန်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ အမေရိကန်စစ်တပ် တောင်ပိုင်းကွပ်ကဲမှုဌာန အပါအဝင် ရေကြောင်း၊ လေကြောင်းနဲ့ ကြည်းတပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။
မှတ်ပုံတင်မထားဘဲ တောင်အမေရိကကနေ ရောက်လာတဲ့ “Go Fast” သင်္ဘောတစင်းကို မရပ်ခိုင်းမီ ၁၅ နာရီကျော် စောင့်ကြည့် ဖမ်းဆီးခဲ့တာပါ။
အရှည် ၃၀ ပေလောက်ရှိပြီး အပြင်ဘက်မော်တာ ၂ ခုနဲ့ မောင်းတဲ့ သင်္ဘောဟာ ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးထားပြီး မတူညီတဲ့ ကုန်အမှတ်တံဆိပ်တွေနဲ့ အမှတ်အသား လုပ်ထားပြီး စုစုပေါင်း မက်ထရစ်တန်ချိန် ၂ တန်လောက်ပါတဲ့ မူးယစ်ဆေးဝါးအထုပ် ၂,၀၄၉ ထုပ်ပါတဲ့ အထုပ် ၆၉ ထုပ်ကို သယ်လာတယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒိုမီနီကန်နိုင်ငံသား ၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters


