Home
အားကစား
ဘာစီလိုနာအသင်းသားများ အနားယူရန် လိုအပ်နေဟု နည်းပြ ဟမ်ဆီဖလစ်ခ် ပြော
DVB
·
February 17, 2026
Photo: Reuters

အသင်းသားတွေ အနားယူဖို့ လိုအပ်နေကြောင်း ဘာစီလိုနာနည်းပြ ဟမ်ဆီဖလစ်ခ်က ပြောသွားပါတယ်။

ဂျီရိုနာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် အသင်းသားတွေဟာ မှန်ကန်သင့်တော်တဲ့ အခြေအနေမှာ ရှိမနေဘဲ အနားယူဖို့ လိုအပ်ကြောင်း နည်းပြဖလစ်ခ်က ပြောသွားတာပါ။

ဘာစီလိုနာဟာ ဂျီရိုနာနဲ့ပွဲမှာ ယာမဲလ် ကန်သွင်းတဲ့ပင်နယ်တီ မဝင်ခဲ့သလို ဂိုးသွင်းခွင့် အများအပြားကိုလည်း လွဲချော်ခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့ရတာပါ။

အသင်းရဲ့အခြေအနေက ကောင်းမွန်တဲ့ပုံစံမှာ ရှိမနေတာကြောင့် ဂျီရိုနာအသင်းရဲ့ အနိုင်ရလဒ်က ထိုက်တန်ပြီး ခံစစ်နဲ့ ကွင်းလယ်အပိုင်းတွေမှာလည်း အမှားများခဲ့ကြောင်း နည်းပြ ဖလစ်ခ်က ပြောပါတယ်။

ဘာစီလိုနာအတွက် ဒီရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို အဆင့် ၁ နေရာ ဆက်လက်ရပ်တည်စေခဲ့ပြီး ဘာစီလိုနာအသင်းက ၂ မှတ်ကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013