
လာမဲ့နှစ်သစ်မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာမှာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက ပြောသွားပါတယ်။
မက်ဒရစ်ကလပ်ဟာ နှစ်သစ်မတိုင်ခင် နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပေမဲ့ လာလီဂါမှာ ဘာစီလိုနာနဲ့ ၄ မှတ် ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း ၂ ပွဲရှုံးထားပြီး အဆင့် ၇ ရောက်နေတာပါ။
ကစားသမားတွေအနေနဲ့ လက်ရှိ အသင်းရဲ့စွမ်းဆောင်ရည်ကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်ဆိုတာ သိရှိနားလည်ထားကြပြီး နှစ်သစ်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာမှာဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။
မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ်အတွင်း နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၁ ရက်က ဆီဗီလာနဲ့ ကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
လာလီဂါပွဲစဉ်တွေကို ၂ ပတ်လောက် ရပ်နားထားမှာဖြစ်ပြီး မက်ဒရစ်အသင်းက ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၄ ရက်မှာ ရီးရဲလ်ဘက်တစ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။


