
ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မှာ လူစားလဲမှုကို မကျေနပ်ခဲ့တဲ့အပေါ် ဗင်နီဆီးယက်စ်က တောင်းပန်စကားဆိုခဲ့ကြောင်း နည်းပြဇာဗီအလွန်ဆိုက ပြောသွားပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီဒါဘီ ပွဲချိန် ၇၂ မိနစ်မှာ ရိုဒရီဂိုနဲ့ လူစားလဲခံခဲ့ရတာပါ။
ကွင်းထဲကနေအထွက်မှာ နည်းပြအလွန်ဆိုနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမရှိခဲ့သလို လက်ဟန်ခြေဟန်နဲ့လည်း မကျေမနပ်တဲ့ အပြုအမူလုပ်ဆောင်ခဲ့တာပါ။
အဲဒီဖြစ်ရပ်အပေါ် ဗင်နီဆီးယက်စ်ဘက်က တောင်းပန်ခဲ့ပြီး ရိုးသားစွာနဲ့ရှင်းလင်းသွားတာက မိမိအတွက် ကျေနပ်စရာဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကိုလည်း တောင်းပန်းစကားဆိုခဲ့တာက ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောသွားပါတယ်။
Photo: Reuters




