
အသင်းရဲ့ ရလဒ်တွေ မကောင်းဖြစ်ခဲ့ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဗီအလွန်ဆိုရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာပါတယ်။
ရီးရဲလ်အသင်းဟာ ဒီဇင်ဘာ ၇ ရက်က ကစားခဲ့တဲ့ ဆယ်တာဗီဂိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိခဲ့တာပါ။
အဆင့်တစ်က ဘာစီလိုနာနဲ့ ၄ မှတ်ကွာဟသွားပြီးနောက် နည်းပြအလွန်ဆိုရဲ့အနာဂတ်က လှုပ်ခတ်လာခဲ့တာပါ။
ရီးရဲလ်အသင်း တာဝန်ရှိသူတွေဟာ လက်တလောရလဒ်ဆိုးတွေနဲ့ ပတ်သက်လို့ နည်းပြအလွန်ဆိုကို ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပုံမှန်ခြေစွမ်းမရှိတာနဲ့ ဒဏ်ရာရကစားသမားတွေရှိနေတာတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။
ဒါ့အပြင် လာမဲ့တပတ်အတွင်းမှာ ကစားရမဲ့ ပွဲစဉ် ၂ ပွဲက နည်းပြအလွန်ဆိုရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်ကြောင်းနဲ့ အလွန်ဆိုနေရာအတွက် ဂျာမန်နည်းပြယာဂန်ကလော့ပ်ကို လျာထားကြောင်းလည်း သတင်းထွက်ပေါ် နေပါတယ်။
Photo: Reuters


