
အသင်းဖော်ဟောင်း အယ်လ်ဗာရိုအာဘဲလ်လိုအာက အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြဖြစ် လာလိမ့်မယ်လို့ နည်းပြဇာဗီအလွန်ဆိုက သုံးသပ်သွားပါတယ်။
အလွန်ဆိုဟာ ရီးရဲလ်အသင်းကို အကောင်းဆုံးပုံစံရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးတာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံ ရနိုင်ကြောင်း သတင်းတွေထွက်ပေါ်နေတာပါ။
အလွန်ဆိုနေရာမှာ ရီးရဲလ်မက်ဒရစ် B အသင်း နည်းပြ စပိန်နောက်ခံလူဟောင်း အာဘဲလ်လိုအာ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်လာချိန်မှာ အာဘဲလ်လိုအာနဲ့ ပတ်သက်လို့ နည်းပြအလွန်ဆိုက မှတ်ချက်ပေးသွားတာပါ။
အာဘဲလ်လိုအာက လက်ရှိ အချိန်မှာ အကောင်းဆုံးလုပ်ဆောင်နေပြီး အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်လာမှာဖြစ်ကြောင်း၊ အလာဗက်ဇ်နဲ့ပွဲစဉ်က မိမိအတွက် အဆုံးအဖြတ်ပွဲစဉ် မဟုတ်ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။
အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်နောက်ခံလူ ဟောင်း ဟာ ၂၀၂၀ ပြည့်နှစ်ကစတင်ကာ ရီးရဲလ်လူငယ်နည်းပြအဖြစ်စတင်တာဝန်ယူခဲ့ပြီး အခုနှစ်ကစတင်ကာ ရီးရဲလ်မက်ဒရစ် B အသင်းနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးခံရသူ ဖြစ်ပါတယ်။


