တရုတ်နှစ်သစ်ကူးကို ကြိုဆိုသည့်ပွဲ ချင်းမိုင်တွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
February 17, 2026
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Central Festival ကုန်တိုက်ကြီးမှာ ဖေဖော်ဝါရီ ၁၆ ရက်ညက တရုတ်နှစ်သစ်ကူးပွဲတော် အကြိုအခမ်းအနားကို ကျင်းပပါတယ်။
တရုတ်ရိုးရာနှစ်ကူး (နွေဦးပွဲတော်) ကို ကြိုဆိုတဲ့ ဒီအခမ်းအနားမှာတော့ တရုတ်နှစ်ကူး ခြင်္သေ့အကနဲ့ LED မီးတွေနဲ့ အလှဆင်ထားတဲ့ ရွှေနဂါး၊ ငွေနဂါး ၂ ကောင်တို့နဲ့ ခမ်းခမ်းနားနား ကပြ ဖျော်ဖြေခဲ့ကြပါတယ်။
အခုနှစ်ဟာ တရုတ်ရာသီခွင် ၁၂ မျိုးထဲက မြင်းနှစ်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် ဒီကနေ့ဟာ မြွေနှစ်ကနေ မြင်းနှစ်ကို ကူးပြောင်းတဲ့နှစ် တရုတ်နှစ်သစ်ကူးနေ့လည်း ဖြစ်ပါတယ်။
Photo: DVB

















