Home
မြန်မာသတင်း
၅ နှစ်အတွင်း ထောင်တွင်းဆန္ဒပြမှု ၁၈ ကြိမ်ကျော် ရှိခဲ့ပြီး အကျဉ်းသား ၁၆ ဦး သေဆုံး
DVB
·
February 16, 2026
Photo: Myanmar Prison Witness

စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ထောင်တွင်းဆန္ဒပြလှုပ်ရှားမှု အနည်းဆုံး ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၁၆ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ Myanmar Prison Witness က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကျဉ်းသား အယောက် ၄၀၀ လောက်ဟာလည်း ရိုက်နှက် နှိပ်စက်ခံရပြီး တိုက်ပိတ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေထဲမှာ အင်းစိန်နဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်တွေမှာ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကိုတော့ အာဏာပိုင်တွေက အပြင်းထန်ဆုံး ဖိနှိပ် နှိမ်နှင်းခဲ့တယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး အကျဉ်းထောင်တွေဟာ ဖိနှိပ်ရေးယန္တရားအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့လည်း Myanmar Prison Witness ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကတော့ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ ကြားကနေ အကျဉ်းသားအခွင့်အရေးနဲ့ လွတ်မြောက်ရေးကို ဆက်လက်တောင်းဆိုခဲ့ကြသလို ထောင်တွင်းအသံကို ပြင်ပကို ပျံ့နှံ့အောင် ကြိုးပမ်းလှုပ်ရှားခဲ့ကြတယ်လို့ Myanmar Prison Witness က ထုတ်ပြန်ပြောဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013