
ဂျပန်နိုင်ငံ အိုဆာကာမြို့က ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ မီနာမီခရိုင်မှာ ဖေဖော်ဝါရီ ၁၅ ရက်က ဆယ်ကျော်သက် ၃ ယောက် ဓားထိုးခံရလို့ တယောက် သေဆုံးပြီးတဲ့နောက် အသက် ၂၀ ကျော် အမျိုးသားတယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။
သေဆုံးသူက အသက် ၁၇ နှစ်အရွယ် အမျိုးသားတယောက် ဖြစ်တယ်လို့ ဂျပန် ရုပ်သံလိုင်း NTV က ကြေညာပါတယ်။
အသက် ၂၁ နှစ်အရွယ် ရီယိုဂါ အီဝါဆာကီဆိုတဲ့ သံသယရှိသူကို လူသတ်မှုနဲ့ ဖမ်းခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
အဲဒီအမျိုးသားဟာ တိုက်ခိုက်ခံရတဲ့ ဆယ်ကျော်သက်တွေရဲ့ အသိမိတ်ဆွေဖြစ်ပြီး ဖြစ်ရပ်မတိုင်မီ မကြာမီက သူတို့နဲ့ ပြဿနာတချို့ ဖြစ်ခဲ့ဖူးတယ်လို့ NTV က ဖော်ပြပါတယ်။


