
ဖီအိုရင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ တိုက်စစ်မှူး မိုရာတာကို ကိုမိုအသင်းရဲ့ နည်းပြ ဖာဘရီဂတ်စ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူး မိုရာတာဟာ ဖီအိုရင်တီးနားနဲ့ပွဲမှာ ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့် ရရှိခဲ့ပေမဲ့ ပွဲချိန် ၈၈ နဲ့ ၈၉ မိနစ်တွေမှာ အဝါကတ် ၂ ကြိမ်ဆက်တိုက် ပြသခံရပြီး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ပြိုင်ဘက်ကစားသမားကို ရန်စပြီး ဆွဲကစားတာဟာ ဘောလုံးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပြီး ရန်စကစားမှုတွေနဲ့ အတူတူမကစားနိုင်ဘူးဆိုရင် တခြားအားကစားနည်းတခုမှာ ပြောင်းလဲကစားသင့်တယ်လို့ မိုရာတာအပေါ် နည်းပြ ဖာဘရီဂတ်စ်က ဝေဖန်ခဲ့တာပါ။
မိုရာတာလို အတွေ့အကြုံရှိတဲ့ ကစားသမားတယောက်ဆီကနေ အခုထက်ပိုကောင်းတဲ့အရာတွေကို မျှော်လင့်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေရဲ့ လုပ်ဆောင်မှုက အသင်းအပေါ် ထိခိုက်စေတာကို ခွင့်မပြုသင့်ဘူးလို့ နည်းပြဖာဘရီဂတ်က ပြောပါတယ်။
စပိန်အသင်းခေါင်းဆောင် မိုရာတာဟာ အေစီမီလန်ကနေ အငှားလာကစားနေသူဖြစ်ပြီး ၁၈ ပွဲမှာ တဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။


