
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၊ ခက်ဘီပြည်နယ်မှာ ရာပေါင်းများစွာသော ငါးဖမ်းသမားတွေဟာ ပိုက်ကွန်တွေ၊ ဘူးသီးတွေကိုင်ဆောင်ပြီး မာတန်ဖာဒါမြစ်ဆီ ဖေဖော်ဝါရီ ၁၄ ရက်က အပြေးအလွှားသွားခဲ့ကြပါတယ်။
နိုင်ဂျီးရီးယားမြောက်ပိုင်းက အထင်ရှားဆုံး ရိုးရာဓလေ့တွေထဲက တခုအနေနဲ့ အကြီးဆုံးငါးဖမ်းမိဖို့ ယှဉ်ပြိုင်နေကြတာပါ။
ငါးဖမ်းပြိုင်ပွဲမှာ ဝင်ပြိုင်သူတွေဟာ ငါးတွေကိုရှာဖို့ ပိုက်ကွန်ပင်လယ်ထဲကနေ မြစ်ထဲကို ဆင်းသွားကြကာ လူအများစုက အရွယ်အစားအမျိုးမျိုးရှိတဲ့ ငါးတွေကို ဖမ်းမိခဲ့ပေမဲ့ တဦးတည်းကသာ အလေးဆုံးငါးနဲ့ အောင်ပွဲခံခဲ့ပါတယ်။
ပွဲတော်က အံ့သြစရာကောင်းလောက်အောင်ပါပဲ၊ လူတွေက ငါးအမျိုးအစားအမျိုးမျိုးကို ဖမ်းမိခဲ့ကြပြီး တချို့ကတော့ လက်ရှိမှာ ငါးတွေပိုဖမ်းနေကြပါတယ်လို့ တံငါသည် မူဟာမာဒူ ဆာဘိုက ပြောပါတယ်။
အနိုင်ရသူကို ဆုံးဖြတ်ဖို့ အရာရှိတွေက ငါးတွေကို ချိန်ခွင်နဲ့ ချိန်နေတာကို ဧည့်သည်တွေက ကြည့်ရှုခဲ့ကြပြီး ချန်ပီယံအတွက် "အနိုင်ရသူ" ဆိုတဲ့ စကားလုံးပါတဲ့ ကားတစီးကို ပြသထားပါတယ်။
ပွဲတော်လာဧည့်သည် ဟာဆန်မူဟာမက်က ပွဲရဲ့အရေးပါမှုကို ချီးကျူးဂုဏ်ပြု ခဲ့ပါတယ်။ ငါးဖမ်းသမားတချို့က ပြိုင်ပွဲအပြီးမှာ သူတို့ရဲ့ ငါးတွေကို ရောင်းချခဲ့ကြပါတယ်။ အာဂန်ဂူ အပြည်ပြည်ဆိုင်ရာ ငါးဖမ်းနဲ့ ယဉ်ကျေးမှုပွဲတော်ဟာ နိုင်ဂျီးရီးယားရဲ့ အထင်ရှားဆုံး ယဉ်ကျေးမှုပွဲတွေထဲက တခုပါ။
နိုင်ငံတဝန်းနဲ့ ပြင်ပက ပါဝင်ငါးဖမ်းသူတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ပြီး ခက်ဘီပြည်နယ်က ရိုးရာ ငါးဖမ်းအလေ့အထတွေကို ဂုဏ်ပြုကြပါတယ်။
Source: Reuters


