
တရုတ်နိုင်ငံနဲ့ ဝေးဝေးနေဖို့ဆိုပြီး လက်လွတ်စပယ် တောင်းဆိုမှုတွေကို ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက အမေရိကန်ကို ဖေဖော်ဝါရီ ၁၄ ရက်မှာ သတိပေး လိုက်ပါတယ်။
အမေရိကန်အစိုးရဆီက အပြုသဘောဆောင်ပြီး လက်တွေ့ကျတဲ့ မူဝါဒတရပ်ကို တောင်းဆိုရာမှာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးရလဒ်က ပူးပေါင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
နောက်ထပ် အလားအလာတခုက တရုတ်နဲ့ ခွဲထွက်ဖို့၊ ထောက်ပံ့ရေးကွင်းဆက်တွေကို ဖြတ်တောက်ဖို့နဲ့ အရာအားလုံးမှာ တရုတ်ကို စိတ်ခံစားမှုအရ၊ လက်လွတ်စပယ် ဆန့်ကျင်ဖို့ ဖြစ်နေတယ်လို့ မြူးနစ်လုံခြုံရေးညီလာခံမှာ ဝမ်ယိက မှတ်ချက်ပြုခဲ့ပါတယ်။
အိမ်ဖြူတော်က မကြာသေးမီက အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ရှိနေပေမဲ့ အမေရိကန်ရဲ့ အသံတချို့က ဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
ဝမ်ယီဟာ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ တွေ့ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလမှာ တရုတ်မြို့တော် ပေကျင်းဆီ သွားလည်ဖို့ စီစဉ်ထားမှုကို ဆွေးနွေးခဲ့ပါတယ်။
Source: Reuters


