
ဗင်နီဇွဲလားနိုင်ငံဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ အမေရိကန်ကနေ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်း တန်ချိန် ၆ တန်ကျော်ကို လက်ခံရရှိခဲ့တယ်လို့ အရာရှိတွေ က ပြောပါတယ်။
ဆေးဝါးတွေကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဗင်နီဇွဲလားမြို့တော် ကရာကာ့စ်အနီးရှိ လာဂွိုင်ရာပြည်နယ်မှာရှိတဲ့ စီမွန်ဘိုလီဗာ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာခဲ့တာကို ဗင်နီဇွဲလားနိုင်ငံပိုင် ရုပ်မြင်သံကြားချန်နယ်က ပြသခဲ့ပါတယ်။
အမေရိကန်ဆိုင်ရာ ဗင်နီဇွဲလား သံတမန်ကိုယ်စားလှယ် ဖဲလစ်ခ်စ် ပလာဆန်စီယာနဲ့ ဗင်နီဇွဲလားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးယာယီတာဝန်ခံ လော်ရာ ဒိုဂူးတို့က လေဆိပ်မှာ ကိုယ်တိုင်သွားရောက် လက်ခံခဲ့ကြပါတယ်။
အမေရိကန် သံရုံးယာယီတာဝန်ခံ လော်ရာဒိုဂူးက ဒီအထောက်အပံ့တွေဟာ ဗင်နီဇွဲလားနိုင်ငံ အတွက် ပထမဆုံးအသုတ်အနေနဲ့ ပေးပို့တဲ့ ဆေးဝါးထောက်ပံ့မှုဖြစ်ပြီး လာမဲ့ရက်ပိုင်းနဲ့ သီတင်းပတ်တွေမှာလည်း နောက်ထပ် အထောက်အပံ့တွေ ဆက်လက်ပေးပို့သွားမယ်လို့ ပြော ပါတယ်။
အခု ဆေးဝါးထောက်ပံ့ ပေးပို့မှုဟာ အမေရိကန်နဲ့ ဗင်နီဇွဲလား ၂ နိုင်ငံကြား အပြန်အလှန် သဘောတူညီချက်တွေ ရရှိခဲ့ပြီးနောက် အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုတချို့ကို ဖြေလျှော့ ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။
Source:Reuters


