
နယူးကာဆယ် ကွင်းလယ်လူ ဂွီမာရေးစ်ဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ၂ လကြာ အနားယူရတော့မယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်က စပါးအသင်းကို အနိုင်ရခဲ့တဲ့ လိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်တာကြောင့် ၂ လကြာ အနားယူရဖို့ ဖြစ်လာခဲ့တာပါ။
ဘရာဇီးကွင်းလယ်လူဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပြီးနောက် ဒုတိယမြောက်ပွဲစဉ်မှာပဲ ဒဏ်ရာထပ်မံရရှိခဲ့တာပါ။
ဘရူနိုဂွီမာရေးစ်ဟာ တံကောက်ကြောဒဏ်ရာ တခါမှာ မရဖူးသေးတာကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း နည်းပြ အက်ဒီဟောင်းက ပြောပါတယ်။
နယူးကာဆယ်အသင်းဟာ ဂွီမာရေးစ် မပါဝင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ နိုင်ပွဲရရှိအောင် ကစားနိုင်ခြင်းမရှိခဲ့ဘဲ ဂွီမာရေးစ် ပါဝင်တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲရရှိ ပိုမိုမြင့်မားနေတာ တွေ့ရှိရကြောင်း အချက်အလက်တွေအရ သိရပါတယ်။


