
ကွင်းလယ်လူ တိုနယ်လီဟာ အသင်းမှာပျော်ရွှင်နေပြီး အသင်းပြောင်းရွှေ့ဖို့ မရှိကြောင်း နယူးကာဆယ် နည်းပြအက်ဒီဟောင်းက ပြောသွားပါတယ်။
အီတလီကွင်းလယ်လူကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ အာဆင်နယ်အသင်းက ချိတ်ဆက်ခဲ့သေးတယ်လို့ သတင်းထွက်ခဲ့တာပါ။
ဆန်ဒရိုတိုနယ်လီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သူဟာအသင်းအတွက်ပဲ အာရုံစိုက်ထားသူဖြစ်ကြောင်း နည်းပြဟောင်းက ပြောပါတယ်။
တိုနယ်လီရဲ့အေးဂျင့်ဖြစ်သူဟာ ကစားသမားအတွက် နယူးကာဆယ်ဆီပြောင်းရွှေ့ကြေး တန်ဖိုးမေးမြန်းခဲ့သည့်တိုင် အာဆင်နယ်နဲ့ သတင်းတွေကို ငြင်ဆန်ခဲ့ပြီးလာမဲ့ မတ်လနဲ့ ဧပြီလောက် အတွင်းမှာပဲ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေး နိုင်ကြောင်း ပြောထားပါတယ်။
တိုနယ်လီကိုယ်တိုင်ကတော့ အသင်းမှာပျော်ရွှင်နေကြောင်း ပြောထားပေမဲ့ ရေရှည်မှာတော့ အနာဂတ်ကို ဘယ်သူမှကြိုမသိနိုင်ကြောင်း ပြောထားဖူးပါတယ်။
Photo: Reuters


