Home
အားကစား
အနာဂတ်ကိစ္စ မပြောနိုင်သေးဟု နယူးကာဆယ်ကွင်းလယ်လူ တိုနယ်လီပြော
DVB
·
November 9, 2025
Photo: REUTERS/Daniele Mascolo

နယူးကာဆယ်အသင်းနဲ့ အနာဂတ်ကိစ္စအပေါ် ကြိုတင်ခန့်မှန်းလို့မရကြောင်း အီတလီကွင်းလယ်လူ တိုနယ်လီက ဝန်ခံပြောသွားပါတယ်။

အသက် ၂၅ နှစ်ရှိ အီတလီလက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး အသင်းမှာ ပျော်ရွှင်နေပေမဲ့ ကာလရှည်  ဆက်ရှိမယ်လို့ မပြောနိုင်ကြောင်း ပြောပါတယ်။

ဒီအသင်းမှာ ၁၀ နှစ်ကြာ ဆက်ရှိမယ်လို့ မပြောချင်သလို ၂ နှစ်၊ ၃ နှစ် ဆက်ကစားမယ်လို့လည်း တပ်အပ်မပြောနိုင်သေးကြောင်း၊ ဘောလုံးမှာ တရာသီချင်းစီ အာရုံစိုက်သွားတာက အကောင်းဆုံး ဖြစ်ကြောင်း တိုနယ်လီက ပြောပါတယ်။

မင်းရဲ့ကစားသမားဘဝမှာ ဘဝအတွက် အကောင်းဆုံးရွေးချယ်မှုတွေ ရှိလာမယ်ဆိုရင် အရာအားလုံးကို ပြန်လည်စဉ်းစားဖို့ လိုအပ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အသင်းမှာ ပျော်ရွှင်နေပြီး တခြားအသင်းအကြောင်း မစဉ်းစားသေးကြောင်း တိုနယ်လီက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013