
နယူးကာဆယ်နဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး အစ်ကီတီကီကို တိုက်စစ်မှူးဟောင်း တောရက်စ်နဲ့ နှိုင်းယှဉ်ပြီး အသင်းဂန္ထဝင်ဘောလုံးသမား ဂျရတ်က ချီးကျူးသွားပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ် ရာသီကမှ ဖရန့်ဖတ်ကနေ ပြောင်းရွှေ့လာပြီး အသင်းနဲ့ ပရီးမီးယားလိဂ် ၂၁ ပွဲမှာ ၁၀ ဂိုးသွင်းထားတာပါ။
ဒီနေ့မနက် နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အစ်ကီတီကီက ၂ ဂိုးသွင်းခဲ့ပြီးနောက် အစ်ကီတီကီရဲ့ ကစားပုံဟာ တချိန်က အသင်းဖော်ဟောင်း ဖာနန်ဒိုတောရက်စ်ကို သတိရမိစေကြောင်း ဂျရတ်က ချီးကျူးခဲ့တာပါ။
အစ်ကီတီကီဟာ တောရက်စ်လိုပဲ ခြေထောက်နဲ့ ခုန်ထွက်လာကာ ခြေချောင်းနဲ့ ထိုးကာ ဂိုးသွင်းတတ်ပြီး အလားတူသွင်းဂိုးတွေ အများကြီးရှိ ကြောင်းနဲ့ မြန်နှုန်းမြင့်ပြီး နေရာလွတ်တွေရမယ်ဆိုရင် ပြေးလွှားပြီး ဘယ်နောက်ခံလူမှာ လိုက်ပြီး အမိဖမ်းနိုင်ဖို့ မလွယ်ကြောင်း ဂျရတ်က ချီးကျူးသွားပါတယ်။


