
လီဗာပူးအသင်းဟာ ဘယ်နောက်ခံလူ ဆီမီကတ်စ်ကို ပြန်လည်ခေါ်ယူနိုင်မှသာ ဝါရင့်နောက်ခံလူ ရော်ဘတ်ဆန်ကို ရောင်းချသွားဖို့ ဆန္ဒရှိတယ်လို့သိရပါတယ်။
ရော်ဘတ်ဆန်ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စကော့တလန် အသင်းခေါင်းဆောင်အတွက် စပါးအသင်းက ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းထားတာပါ။
လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်ကို ရောင်းချမယ်ဆိုရင် ဘယ်နောက်ခံလူနေရာအတွက် ကာကတ်ဇ်တယောက် သာရှိတော့သလို နောက်ခံလူဂျိုးလ်ဂိုမက်ဇ်ဟာလည်း ဒဏ်ရာရရှိနေတာပါ။
ဒီလိုအခြေအနေတွေကြောင့် အီတလီကလပ်ရိုးမားအသင်းဆီတရာသီအငှားချ ထားတဲ့ ဂရိနောက်ခံလူ ဆီမီကတ်စ်ကို ပြန်လည်ခေါ်ယူနိုင်မှသာ ရော်ဘတ်ဆန်ကို စပါးအသင်းဆီ ရောင်းသွားဖို့ စီစဉ်ထားတာပါ။
လတ်တလောအခြေအနေမှာတော့ ဆီမီကတ်စ်ကို အငှားချထားရာကနေ ပြန်လည်ခေါ်ယူနိုင်ဖို့ ရိုးမားအသင်းနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။
Photo: Reuters


