
နယူးကာဆယ်အသင်းက အီတလီကွင်းလယ်လူ တိုနယ်လီဟာ လာမဲ့နွေရာသီမှာ အသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်း အေးဂျင့်ဖြစ်သူ ဂူဆက်ပီရီဆိုက ပြောပါတယ်။
တိုနယ်လီကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ အာဆင်နယ်အသင်းက ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အေးဂျင့်ရီဆိုက ကစားသမားရဲ့အနာဂတ် အပေါ် ထုတ်ဖော်ပြောသွားခဲ့တာပါ။
တိုနယ်လီဟာ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့အသင်းတသင်းမှာ ကစားချင်သူဖြစ်ပြီး နယူးကာဆယ်အနေနဲ့ လာမဲ့နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ကုန်ဆုံးသလောက် ဖြစ်နေတဲ့ အခြေအနေအရ တိုနယ်လီကို ဆက်ထိန်းဖို့ ခက်ခဲနိုင်ကြောင်း အေးဂျင့်ရီဆိုက ပြောပါတယ်။
အီတလီကွင်းလယ်လူကိုခေါ်ယူဖို့ အာဆင်နယ်အပါအဝင် မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတွေကလည်း စိတ်ဝင်စားခဲ့ဖူးပါတယ်။
တိုနယ်လီဟာ ၂၀၂၃ ခုနှစ်က အေစီမီလန်ကနေ ပေါင် ၅၂ သန်းနဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters


